မြင်လို့ရေးသည် ဖတ်ကာမြင်စေ
ကျွန်တော်တစ်ချိန်ကသိခဲ့တဲ့ Blog ရေးတဲ့ အစ်ကိုတစ်ယောက်ကျွန်တော့်ကို အကူအညီလာတောင်းပါတယ်။ သူ့ရဲ့ Template ပြင်ချင်လို့ ကူပါဦးတဲ့။ ညီလင်းဆက်ရဲ့ Blog မှာတင်ထားတာ မင်းတွေ့ပြီးပြီလားတဲ့။
ဒီရက်ပိုင်းကျောင်းမှာ အလုပ်တွေရှုပ်ရှုပ်နေလို့ Blog မဖတ်ဖြစ်တာကြာပါပြီ။ ဒါနဲ့သွားဖတ်ကြည့်တော့ ညီလင်းဆက်က မမေရဲ့ Post ကိုရည်ညွှန်းပြီး Cheers လုပ်ထားတာပါ ပြီးလို့ ဖတ်ပြီးပြီးချင်း မှာ စိတ်မှာတစ်ခုတွေးမိပါတယ်။
Wikiepedia ရဲ့ အဆိုအရတော့ “A blog is a website where entries are made in journal style and displayed in a reverse chronological order.” Blogger တိုင်းလည်း ဒီ အဆိုကို အနည်းနဲ့ အများတော့ လက်ခံကြမှာပေါ့။ ဒါပေမယ့် ဒီအဆိုမှာ Blog တစ်ခု၏ Template သည် မည်သို့ မည်ပုံဖြစ်ရမည်ဆိုတာ မပါပါဘူး။ ဘယ်သူကမှလည်း မသတ်မှတ်ထားသလို။ ဟိုတစ်ယောက်ပြောသလို Rule မရှိ Regulation မရှိပါဘူး။
လူတစ်ယောက်သည် စာရေးချင်စိတ်ဖြစ်ပေါ်လာတယ်။ စာရေးလို့ ရတဲ့ Blog မှာ စာရေးတယ်။ သူ့ကို ဂရုစိုက်တဲ့ သူငယ်ချင်းတွေက ဖတ်တယ်။ သူ့ရဲ့အရေးအသားကို ကြိုက်တဲ့သူကဖတ်တယ်။ Random Surfer တွေကဖတ်တယ်။ ဖတ်စေချင်တဲ့ စိတ်နဲ့ရေးတဲ့စာကို ဖတ်သွားတဲ့ အခါမှာ ရေးရတဲ့သူက သဘောကျတယ်။ အဲ့ဒီ့အခါမှာ ရေးတဲ့သူက ကိုယ်ရေးတဲ့ စာကို ဖတ်ချင်စဖွယ်ဖြစ်အောင် တင်ဆက်ပုံ ပြောင်းပြီး Template လှလှလေးတွေနဲ့ အလှဆင်ကြတယ်။
ဘယ်လောက်ပဲ Template ကောင်းနေပါစေ။ ဘာမှမရေးရင် ဒါမှမဟုတ် ရေးတာကို လူမကြိုက်ရင် ဘယ်သူဖတ်မတုန်း။
တခြားမပြောဘူး ကျွန်တော့် ဒီ Blog ကိုကြည့်ပါ။ တင်ချင်တင်တယ်။ မတင်ချင်မတင်ဘူး။ စိတ်ကူးတဲ့ရာတင်တယ်။ လူကြိုက်တာမျိုးထက် ကိုယ်ကြိုက်တာမျိုးကိုတင်တယ်။ Template ကိုတော့ အလကားရတဲ့ ခပ်လှလှကိုယူ သေချာကျကျနန ထိုင်ပြင်ပြီး တင်ထားတယ်။ အားနေရင် Blog Post ကောင်းကောင်းတင်ဖို့ မစဉ်းစားဘူး။ အခုတင်ထားတဲ့ Template ကို ဘယ်လိုပုံပြောင်းရပါ့မလဲ အမြဲစဉ်းစားနေတယ်။ အဲ့တော့ ဘာဖြစ်လဲ ဘယ်သူမှ မဖတ်ဘူး။ တခြားသူမပြောနဲ့ သူငယ်ချင်းတွေတောင် မဖတ်ဘူး။ မျက်စိလည်လမ်းမှားရောက်လာတဲ့ လူမျိုး တစ်ချက်ကြည့်ပြီး ပိတ်ပစ်တယ်။
ညီလင်းဆက် Blog ကိုကြည့် Template ကို Blogger ကပေးတဲ့ Template တင်တယ်။ နေ့စဉ် Post တစ်ခု အနည်းဆုံး မှန်မှန်တင်တယ်။ တင်သမျှမှာ အများစုသည် လူကြိုက်မဲ့ Post မျိုး။ ကိုယ့်အကြောင်းကိုယ့် Personal မရေးဘူးလား။ ရေးတာပေါ့။ ကဗျာလေးနဲ့ စာလေးနဲ့။ ပြီးတော့ ဖတ်တဲ့ audience ကိုသိလာတဲ့ အခါမှာ သူတို့အတွက် တမင် ရည်ညွှန်းတင်တဲ့ Post မျိုးလေးတွေရှိလာတယ်။ (e.g; computer tricks, downloads) ပရိသတ်သည် စာရေးသူနဲ့ရင်းနှီးလာတာနဲ့အမျှ စာရေးသူရဲ့ စာကို စောင့်ဖတ်လာမယ်။ နေ့တိုင်း တစ်ခုခုရေးမယ်ဆိုတာသိလာတော့ နေ့တိုင်း ၀င်ဝင်ကြည့်ကြတယ်။ ဒီ့အပြင် Blog တင်ရုံပဲမဟုတ်ဘူး။ Forum တွေရေးတယ်၊ Online မှာ မိတ်ဆွေတွေဖွဲ့တယ်၊ အကူအညီလိုအပ်ရင် လိုအပ်သလိုကူညီတယ်။ ဒီတော့ သူ့ရဲ့စာဖတ်သူက သူ့ကိုလေးစားလာတယ်။
Template နဲ့ပတ်သက်လို့ ဘာလုပ်သလဲ Photoshop ကျွမ်းလာတော့ Banner ကို ခဏခဏပြောင်းတယ်။ Link ကို ရိုးရိုး စာလုံးလေးတွေနဲ့မထားပဲ graphic ပုံလေးတွေပြောင်းလိုက်တယ်။ ကြည့်လို့လည်းကောင်းပြီ။ ဖတ်တာလည်းကြိုက်တယ် ဆိုမှတော့ အတိုင်းထက် အလွန်ပေါ့။
ဘယ်သူ့ဘယ်သူ့ Blog ကိုမှ မှန်မှန်မဖတ်တဲ့ ကျွန်တော် မမေရဲ့ Blog ကိုလည်း မဖတ်ဖြစ်တာများပါတယ်။ ကျွန်တော်စိတ်ဝင်စားတဲ့ post မျိုး မရှိတတ်လို့လည်းပါပါတယ်။ မမေ ကြတော့ သူကိုယ်တိုင်ကလည်း Professional Web Developer တစ်ယောက်ဖြစ်ပြန်၊ အချိန်ရှိ Webနဲ့ ပတ်သက်တဲ့ အတတ်ပညာရှိတဲ့ လူလည်း ဖြစ်ပြန်ဆိုတော့ သူ့ရဲ့ Blog ကို လန်ထွက်နေအောင် လုပ်ထားတာကိုတွေ့ရပါတယ်။
ကျန်တဲ့ Blog တွေကျတော့ ဘယ်လိုလဲ။ သူတို့တွေလည်း သူတို့ဟာနဲ့ သူတို့ တင်နေကြတာပဲ။ Post တွေကောင်းတာ လူကြိုက်တာတွေရှိမယ်။ မကောင်းတာတွေရှိမယ်။ ဖတ်တဲ့သူရှိမယ်။ မဖတ်တဲ့သူရှိမယ်။ သူဟာနဲ့သူပါပဲ။
ဒါပေမယ့် သူတို့တွေက တညီတညွတ်ထဲ ဒီအနက်ရောင် Template ကို ၀ိုင်းကြိုက်ကြတယ်။ ၀ိုင်းကြိုက်ချင်လည်း ကြိုက်စရာပါပဲ။ ကျန်တဲ့ Template တွေကိုကြည့်ပါဦး Formal ကျလွန်းလို့ လူကို ဖြဲခြောက်လွှတ်ပစ်မဲ့ Template တွေထက်စာရင် ဒီလို အနက်ရောင် Template ကိုပဲ ၀ိုင်းယူကြတာပေါ့။
ညီလင်းဆက်ရဲ့ Post ကို ကြည့်ပြီး မြန်မာလို ရေးလို့ရအောင်လုပ်တယ်။ ပြီးတော့ eot တွေဘာတွေထည့်တယ်။ ပြီးတော့ Blog post တွေတင်တယ်။ နည်းနည်းလေး အချိန်ပေးနိုင်တဲ့အခါကျတော့ Forum မှာ လူတကာသုံးဖို့ စေတနာ ဗရပွပေးထားတဲ့ Link တွေကို ယူထည့်တယ်။ ဘာလို့လည်း ကိုယ့်ဟာကိုယ် အဆီအငေါ်တည့်တည့် မထည့်တတ်လို့၊ အချိန်မရှိလို့။
“လေ့လာပါလား Google မှာရှာကြည့် ပြီးရင်သွားဖတ်ကြည့်ပေါ့။” မြန်မာနိုင်ငံ connection ကြောင့် အဲ့ဒီ့ စကားတစ်ခွန်း အတွက် အချိန် ၁၀မိနစ်ကနေ မိနစ် ၃၀ အထိ အချိန်ယူပါတယ်။ ဒါသည် အဲ့ဒီ့ Search result တစ်ခုဆီကို ရောက်ဖို့ အချိန်တစ်ခုပါ။ ကိုယ်တကယ်လိုချင်တဲ့ Learning Source တစ်ခုဖြစ်ဖို့၊ ဒါမှမဟုတ် အဲ့ဒါကို နားလည်ဖို့ တတ်ဖို့ အာမ မခံပါဘူး။
ဒီတော့ ရှင်းရှင်းလေးပါ။ အချိန်အကုန်ခံ လူအပင်ပန်းခံမယ့် အစား အဆင်လည်းပြေ ကူညီသူရဲ့ စေတနာကို လက်ခံကာ အသာလေးယူထည့်လိုက်ပါတယ်။ သူပြောတဲ့ Shout Box ကို ယူသုံးပါတယ်။ သူပြောတဲ့ Odeo ကိုဝိုင်းသုံးတယ်။ ဒီလမ်းကို သူဖေါက်ခဲ့တာပါ။ ဒီလမ်းကို လိုက်ကာ ဖြစ်လာတဲ့ Blogger တွေချည်းသာများပါတယ်။
အခုအချိန်မှာ မမေက
“နင်တို့ ဒိုင်ယာရီက ငါ့ဒိုင်ယာရီလိုလည်း မဟုတ်ဘူး။ ဒီမှာကြည့် ငါ့ဟာက သော့လည်းပါတယ်။ ရေမွှေးနံ့လည်းပါတယ်။ အရုပ်လှလှလေးတွေလည်းပါတယ်။ နင်တို့ဟာကြတော့ ဗလာစာအုပ်ကို ပြက္ခဒိန် အဖုံးအုပ်ထားတာ။ စာအုပ်လှလှတွေ ၀ယ်ကြပါလား” ဆိုတာမျိုးပြောလာတယ်။
ဒါကို ညီလင်းဆက်က သူဖောက်တဲ့ လမ်းကိုလျှောက်လာတဲ့ လူတိုင်းကို ကလေးတစ်ယောက်ကို သစ်ပင်တက်နည်းသင်ပေးပြီး သစ်ပင်ပေါ်ကတွန်းချသလို လူတိုင်းကိုလှည့်ပြီးတော့ “အေး ဟုတ်တယ်။ မင်းတို့တွေမှားတယ်။” လှည့်အော်တော့ ဒေါသထွက်စရာမဟုတ်ပေဘူးလား။
ဒီလို ပုံစံတူတွေ မမြင်ချင်ရင် မမြင်ရရေးတွက် တတ်သူစွမ်းသူက ကူညီမှပေါ့။ မကူညီနိုင်တောင်မှ သူတို့တွေ ဒီလိုမျိုးတတ်ချင်ရင် ဒီကိုသွား၊ ဘာလုပ်ညာလုပ်ပြောမယ်ဆိုရင် လူတိုင်းကျေးဇူးတင်ကြမှာပေါ့။ အခုတော့ သူပြလို့လိုက်လုပ်တဲ့ လူတွေသာမက သူ့ဟာသူ နဂိုထဲက အနက်သုံးတဲ့သူပါ ဒေါသစိတ်တက်နေကုန်ကြပြီပေါ့ကွယ်ရို့။
တစ်ခါတစ်ခါမှာ လူတွေနှဲ့ ခက်သနှယ်လေ…
Labels: mmBloggers, Myanmar, Template
if it wasn't this it would be something else...
Wednesday, October 18, 2006 | 1:02 AM | Permalink
![]()
I do not agree with you 100% but maybe 80% or sorta like.
သြော် ကျွန်တော်က ချောက်ထဲ တွန်းချလို့ ဘာများ အကျိုးရှိမှာ မို့လို့လည်းဗျာ။ နာမည်ကြီးအောင် လုပ်လို့လည်း အွန်လိုင်းမှာ မုန့်မစားရပါဘူး။ ကျွန်တော်နေတာ မြန်မာ အနည်းငယ်သာရှိတဲ့ နိုင်ငံခြားမှာပါ။ အပြုသဘော စိတ်လေးနဲ့ဖတ်ရင် မေဗလပ်စ်ရေးထားတာမှာ Flavor ဆိုတာ တွေ့မှာပါ။ လူတိုင်း ကိုယ်ကြိုက်တဲ့ အရောင်ကို ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ ကျွန်တော်စလုပ်တုန်းကလည်း ဘာမှမတတ်လို့ သူများလုပ်တာ ယူသုံးခဲ့တာပါပဲ။ ဒါပေမယ့် ကျွန်တော် ယူသုံးတိုင်း ကုဒ်ဒင်းကအစ ခရက်ဒစ်ပေးပါတယ်။ ကိုယ်ဝါသနာ ပါရာ စိတ်ဝင်စားရာမို့ ကိုယ်တတ်တာလေးတွေ ပြင်ယူတယ်။ ဒါဟာ မူရင်း ဘလော့ခ်မှာ ဖလေဗာ လုပ်တာပါ။ မေဗလပ်စ် ပြောတာလည်း ဒါပါပဲ။ သေချာ ဖတ်ကြည့်ရင် သိနိုင်ပါတယ်။ အခုဟာက ကျွန်တော့်ကို ခရက်ဒစ်ပေးရမယ်လို့ မဆိုလိုပါဘူး။ ကျွန်တော် ရေးတဲ့ အထဲမှာ သူတစ်ပါးကို စော်ကားတာ မပါဘူးလို့ ယုံပါတယ်။ ပရိုက်ဗေဆီ ကိစ္စကတော့ ခင်ဗျားလည်း ကြုံဖူးတာမို့ မပြောတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် အမြင်သိရတဲ့အတွက် ၀မ်းသာပါတယ်။
ဒုတ်ခပဲ ဒီအတိုင်းဆို ကိုယ့်ဘာသာကိုယ်ပြောင်းဖို့လုပ်ထားတဲ့ အနက်ရောင်ပုံတောင် လွှင့်ပစ်ရကိန်းပဲ ငါ့နှယ် ဘလော့ခ်တစ်ခုမှာတောင်အာဏာ၇ှင်နဲ့လာတွေ့နေတယ် Posted by |
9:02 AM
တကယ်တော့ စေတနာလား ဘာလားဆိုတာ သုံးထားတဲ့ အသုံးအနှုန်းကိုြ့ည့်ရင်သိပါတယ်။ ထိသလိုလို၊ ငေါ့သလိုလို၊ Give me a break တို့ ၊ Be careative for once တို့ ၊ for once ဆိုတာ ဘာသဘောနဲ့ ပြောတာလဲဗျ၊ Copy cat တို့ ၊ Cူone blog တိုံ၊ Gosh I am stunned တို့ ၊ for god sake တို့ လို စကားလုံးတွေက စေတနာ စကားလုံးလို့ ပြောဘို့  သိပ်ခက်တယ်။ အနက်ရောင်ကကော ရှေံက လူတွေ သာံးလို့  နောက်လူတွေ မသုံးရတော့ဘူးလား။ ဖီဂှီကလူတွေကိုတော့ မြောက်ပင့်ပြီး ကိုယ့် လူမျိုးချင်းတော့ နှိမ်ချင်တယ်။ ကိုယ့်လူမျိုး မှားတာကို ပြင်ဖို့  မကျိုးစားဘဲ သူများထက်ပိုပြီး နှိမ်ချြချင်တယ်။ ဗမာလူမျိုးတွေကို သိမ်းကျုံးပြီါ် ၀ါးလုံး ဟိုဒင်းသုတ်ရမ်းလိုက်သေးတယ်။ စေတနာနဲ့  ဝေဖန်တာရယ် အပြစ်တင်ချင်တာရယ်ကြားမှာ ကွားခြားချက်တွေ အများကြီါ်ရှိတယ်။ ဒါပါဘဲ။ Posted by |
9:31 AM
You mean her site is exceptional? Huh...http://www.mayvelous.com/... I find it hard to navigate... :-s Posted by |
12:03 AM
also wondering why she is direct-linking to Vista download on her homepage... (now it is no longer pointing to iso...but it was)...she doesn't understand? Or is it the way those who shout loud, actually do?
မြန်မာတွေ သောက်ကြီးသောက်ကျယ်သိပ်နိုင်တာပဲ ဆိုတဲ့စကားကို မြန်မာတစ်ယောက်ရဲ့ပါးစပ်က တစ်ကမ္ဘာလုံးကမြင်ရတဲ့ အင်တာနက်ပေါ်မှာ
ဘယ်လိုလုပ်ပြီးရေးထွက်သလဲဆိုတာ မစဉ်းစားတတ်ဘူး။
I like Myat Min han Post..What he said is somewut logical.but i won't go around cheering others anymore.you know why rite?(:wink) Posted by |
8:59 PM

